မိန်းမတို့၏
ကောင်းခြင်း ၆၄ ရပ်အား သမုဒြိပညာရှင်များ သျှတ္တရပညာရှင်များ၏ အလိုအရ မိန်းမကောင်း မိန်းမမြတ်တို့တွင်
ကောင်းခြင်းလက္ခဏာ ၆၄ ရပ် ရှိသည်ဟု ရှေးဆရာသူမြတ်တို့
သတ်မှတ်ကြပါသည်။ ထို ၆၄ ရပ်ထဲတွင် ခြေလက္ခဏာနှင့် လက်ဖ၀ါးလက္ခဏာတို့မှာ လေ့လာရန်ခက်ခဲ့၍
ချန်လှပ်ပြီး အောက်ပါတို့ကို မှတ်တမ်းတင်ခဲ့ကြသည်။
၁။ တက်သစ်စလရောင်နှင့်တူသော
ကိုယ်ရောင်ရှိခြင်း။
၂။ လက်ယာရစ်လည်သော
ချက်ရှိခြင်း။
၃။ လက်ယာရစ်လည်သော
ဗွေရှိခြင်း။
၎။ ရွှေသောအဆင်းရှိခြင်း။
၅။ နက်သောချက်ရှိခြင်း။
၆။ ရှည်သော
လက်ရုံးရှိခြင်း။
၇။ သိမ်မွေ့သော
အင်္ဂါရှိခြင်း။
၈။ ကြီးမြန်းသော
သားမြတ်ရှိခြင်း။
၉။ ဆင်မကဲ့သို့
သွားခြင်း။
၁၀။ သိမ်မွေ့သော
ခါးရှိခြင်း။
၁၁။ ကောင်းသောကိုယ်ရှိခြင်း။
၁၂။ ကိုယ်မွေးနည်းခြင်း။
၁၃။ လိပ်ကျော်ကုန်းကဲ့သို့
အင်္ဂါရှိခြင်း။
၁၄။ ကြာပန်းကဲ့သို့
မွှေးသော ကိုယ်နံ့ရှိခြင်း။
၁၅။ ဖွံ့ဖြိုးသော
ပေါင်ရှိခြင်း။
၁၆။ ဖြူစင်သော
နှလုံးရှိခြင်း။
၁၇။ ကောင်းသော
သီလအကျင့်ရှိခြင်း။
၁၈။ စင်ကြယ်သော
သီလအကျင့်ရှိခြင်း။
၁၉။ ချစ်ခင်နှစ်သက်ခြင်း။
၂၀။ အရိပ်အခြည်သိခြင်း။
၂၁။ ဖြောင့်မတ်တည်ကြည်ခြင်း။
၂၂။ လည်ရေသုံးဆင့်ရှိခြင်း။
၂၃။ ဟင်္သာသံနှင့်တူသော
အသံရှိခြင်း။
၂၄။ အဆိုအမိန့်နှင့်
သာယာသော အသံရှိခြင်း။
၂၅။ ဥသြသံနှင့်တူသော
အသံရှိခြင်း။
၂၆။ လပြည့်ဝန်းနှင့်
တူစွာရှိခြင်း။
၂၇။ ရှည်သော
မျက်နှာရှိခြင်း။
၂၈။ နီသော
နှုတ်ခမ်းရှိခြင်း။
၂၉။ ဖြိုးမောက်သော
နှာတံရှိခြင်း။
၃၀။ ပြည့်ဖြိုးသော
ပါးရှိခြင်း။
၃၁။ မှဲ့၊ ၀က်ခြံကင်း၍ စင်ကြယ်သော နဖူးပြင်၌ ဖြောင့်မတ်သော
တစ်ချောင်းတည်းသော တံခွန်အလံတိုင်သို့ အရေးရှိခြင်း။
၃၂။ သွတ္တိကမည်သော အရေးကဲ့သို့ နဖူးပြင်တွင် အရေးရှိခြင်း။
၃၃။ ချွန်သော နှာခေါင်းရှိခြင်း။
၃၄။ ခရုသင်း ပွတ်သစ်စကို လွှဖြင့် ဖြတ်သည့်အလား မယိုင်မကော၊
မကျဲမခေါဘဲ ချောမောသော နဂိုဖြင့် ကြည့်၍ တင့်တယ်ခြင်း။
၃၅။ မကျဉ်းမကျယ် တင့်တယ်သော မျက်စိရှိခြင်း။
၃၆။ ကြာညိုပန်းနှင့်တူသော မျက်စိ (အချို့မှာ ပြာညိုသော
မျက်စိရှိခြင်း)
၃၇။ သမင်မျက်စိနှင့်တူသော မျက်စိရှိခြင်း။
၃၈။ ပဒုမ္မာကြာကဲ့သို့ အချို့သည် စိမ်းသော မျက်စိရှိခြင်း။
No comments:
Post a Comment