07 June 2013

၃၈ ဖြာ မင်္ဂလာတရားတော်များကို သိပါသလား။




၁။      လူမိုက်ကို မပေါင်းသင်း မဆည်းကပ်ခြင်း မင်္ဂလာ
၂။      ပညာရှိသောသူတို့ကို မှီခိုဆည်းကပ်ခြင်း မင်္ဂလာ
၃။      ပူဇော်ထိုက်သူကို ပူဇော်ရခြင်း မင်္ဂလာ
၎။      သင့်တင့်လျောက်ပတ်သော အရပ်၌နေခြင်း မင်္ဂလာ
၅။      ရှေးက ပြုအပ်သော ကောင်းမှုရှိခြင်း မင်္ဂလာ
၆။      ကိုယ်နှင့်စိတ်ကို ကောင်းစွာဆောက်တည်ခြင်း မင်္ဂလာ
၇။      အကြားအမြင်များသောသူဖြစ်ခြင်း မင်္ဂလာ
၈။      အပြစ်ကင်းအောင် တတ်မြောက်ခြင်း မင်္ဂလာ
၉။      ကျင့်ဝတ်တို့ကို ကောင်းစွာလိုက်နာခြင်း မင်္ဂလာ
၁၀။    စကားကို ကောင်းစွာပြောဆိုတတ်ခြင်း မင်္ဂလာ
၁၁။    မိဘကို လုပ်ကျွေးပြုစုခြင်း မင်္ဂလာ
၁၂။    သားမယားကို ထောက်ပံ့ခြင်း မင်္ဂလာ
၁၃။    အရှုပ်အထွေးမရှိသော အလုပ်လုပ်ခြင်း မင်္ဂလာ
၁၄။    စွန့်ကြဲပေးကမ်းလှူဒါန်းရခြင်း မင်္ဂလာ
၁၅။    သုစရိုက်တရားကိုကျင့်ခြင်း မင်္ဂလာ
၁၆။    ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်း မင်္ဂလာ
၁၇။    အများအကျိုးကို ဆောက်ရွက်ခြင်း မင်္ဂလာ
၁၈။    မကောင်းမှုကို စိတ်ဖြင့် ဝေးစွာရှောင်ကြဉ်ခြင်း မင်္ဂလာ
၁၉။    မကောင်းမှုကို အထူးသဖြင့် ကိုယ်နှင့်နှုတ်တို့မှ ရှောင်ကြဉ်ခြင်း မင်္ဂလာ
၂၀။    အရက်သေစာ မသောက်စားခြင်း မင်္ဂလာ
၂၁။    ကုသိုလ်တရားကို မမေ့လျော့ခြင်း မင်္ဂလာ
၂၂။    ရိုသေအပ်သောသူကို ရိုသေခြင်း မင်္ဂလာ
၂၃။    မိမိကိုယ်ကို နှိမ့်ချခြင်း မင်္ဂလာ
၂၄။    ရရှိသမျှနှင့် ရောင့်ရဲတတ်ခြင်း မင်္ဂလာ
၂၅။    သူတစ်ပါးကျေးဇူးကို သိတတ်ခြင်း မင်္ဂလာ
၂၆။    သင့်လျော်သောအခါ တရားနာခြင်း မင်္ဂလာ
၂၇။    အရာရာ၌ သည်းခံခြင်း မင်္ဂလာ
၂၈။    ဆိုဆုံးမလွယ်သူဖြစ်ခြင်း မင်္ဂလာ
၂၉။    ရဟန်းမြတ်တို့ကို ဖူးမြင်ရခြင်း မင်္ဂလာ
၃၀။    သင့်လျော်သောအခါ တရားစကားဆွေးနွေးမေးမြန်းခြင်း မင်္ဂလာ
၃၁။    ခြိုးခြံချွေတာခြင်း မင်္ဂလာ
၃၂။    မြတ်သောအကျင့်ကို ကျင့်ခြင်း မင်္ဂလာ
၃၃။    အရိယသစ္စာကို သိမြင်ခြင်း မင်္ဂလာ
၃၄။    နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း မင်္ဂလာ
၃၅။    လောကဓံနှင့် ကြုံသော်လည်း စိတ်မတုန်လှုပ်ခြင်း မင်္ဂလာ
၃၆။    စိုးရိမ်သောကမရှိခြင်း မင်္ဂလာ
၃၇။    ရမ္မက်မြူမှ ကင်းခြင်း မင်္ဂလာ
၃၈။    ဘေးမရှိခြင်း မင်္ဂလာ

No comments:

Post a Comment