07 June 2013

ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်နှင့် ရာဇ၀င်ကို သိပါသလား


          မင်းကွန်းခေါင်းလောင်းကြီးသည် ကြီးမားခမ်းနားလွန်းသော ကမ္ဘာကျော်ခေါင်းလောင်းကြီး တစ်ခု ဖြစ်ပါသည်။ စစ်ကိုင်းမြို့ မြောက်ဘက် တစ်မိုင်ခန့်အကွာ မင်းကွန်းရွာတွင် ခရစ်နှစ် ၁၈၀၈ ခုနှစ်(မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်နေ့) တွင် သွန်းလုပ်ခဲ့သည်။ ခေါင်းလောင်းဒါယကာမှာ ဘိုးတော်ဘုရား(ဗဒုံမင်းတရားကြီး) ဖြစ်၍ ပန်းတဉ်းဝန် မဟာနန္ဒာကျော်စွာအား ကြီးမှူးသည်ဆောက်စေခဲ့သည်။

          မင်းကွန်းခေါင်းလောင်းကြီးကို ကြေးအချိန် ၅၅၅၅၅ ပိဿာဖြင့်သွန်းလုပ်ခဲ့သည်။ စုစုပေါင်း အလေးချိန် ၈၀ ဒသမ ၅၂ တန်လေးသည်။ ခေါင်းလောင်းကြီး၏ ပမာဏမှာ အ၀အချင်း ၁၂ တောင် ၄ သစ် (၁၆ ပေ နှင့် ၈3/4လက်မ)၊ အစောက် ၃ တောင် ၁ မိုက် ၄ သစ် (ပေ ၂၀ နှင့် ၃ လက်မ) ရှိ၍ လုံးပတ်မှာ ၃၃ တောင် ၁ မိုက် ၄သစ် (ပေ ၅၀ နှင့် ¾ လက်မ) ရှိသည်။
          မင်းကွန်းခေါင်းလောင်းကြီးမှာ ကြီးမားလွန်းသဖြင့် စတင်သွန်းလုပ်သော သွန်းလွန်းရွာမှ မင်းကွန်းခေါင်းလောင်းကြီး ထားရှိမည့် မင်းကွန်းရွာသို့ ခက်ခဲစွာ သယ်ယူခဲ့ရသည်။ သာယာဝတီမင်း (၁၈၃၇-၁၈၄၆) နန်းတက်ပြီး နှစ်နှစ်အကြာ ခရစ်နှစ် ၁၈၃၉ (မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်) မင်းကွန်းမြေငလျင်ကြောင့် ခေါင်းလောင်းကြီး မြေသို့ ကျခဲ့ရသည်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ဆယ်နှစ်အကြာ ခရစ် ၁၉၀၄ ခုနှစ်တွင် ဧရာဝတီသင်္ဘောကုမ္ပဏ်ီမှ C.E.John ဦးဆောင်ပြီး တိုင်ပေါ် ပြန်လည်ချိတ်ဆွဲပေးခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးဖြစ်၍ ဂုဏ်ယူစရာ မြန်မာ့အမွေအနှစ်ဖြစ်သည်။

1 comment:

  1. အင်မတန်ကို ဗဟုသုတဖြစ်ရပါတယ်။ အကျိုးကျေးဇူးများပါကြောင်း ဂုဏ်ပြုအပ်ပါသည်။

    ReplyDelete